ခေါင်းကြည်စေမယ့် အစားအစာတွေက ဘာတွေလဲ
နေ့စဉ် လုပ်ဆောင်မှုတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ဆိုရင် အရေးကြီးတဲ့ အချက်တစ်ခုက ခေါင်းကြည်နေဖို့ပါ။ ခေါင်းကြည်နေမှ အလုပ်တွေကို ကောင်းကောင်း အာရုံစိုက်နိုင်မှာ ဖြစ်သလို ဆုံးဖြတ်ချက်တွေကိုလည်း ကောင်းကောင်း ချနိုင်မှာပါ။ နောက်တစ်ခုကတော့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို တက်ကြွစွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဒီတော့ နေ့စဉ်လုပ်ဆောင်နေကျ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို ခေါင်းကြည်စိတ်ပေါ့စေဖို့ ဘာတွေ စားပေးရမလဲဆိုတာကို ပြောပြပေးထားတာမို့ အဆုံးထိ ကြည့်လိုက်ရအောင်နော်။
- ပဲအမျိုးမျိုး
ပဲက မဂ္ဂနီဆီယမ် ကြွယ်ဝတာကြောင့် ပျော်ရွှင်ခြင်းဟော်မုန်းတွေ ထွက်ရှိစေဖို့ ထောက်ကူပေးပါတယ်။ အများကြီးစားရင် လေပွစေနိုင်တယ်ဆိုပေမယ့် သံဓာတ်၊ အမျှင်ဓာတ်၊ ကော့ပါး၊ ဇင့် နဲ့ ပိုတက်ဆီယမ် ကြွယ်ဝတဲ့ ပဲကို နည်းနည်းလောက် စားသုံးပေးမယ်ဆိုရင်တော့ ခေါင်းကြည်စေမှာပါ။
- ဂျုံကြမ်း ပေါင်မုန့်
ဂျုံကြမ်းပေါင်မုန့်က အစာအိမ်အူလမ်းကြောင်းထဲက ကောင်းကျိုးပြု ဘက်တီးရီးယားတွေကို တိုးစေပြီး စိတ်ခံစားမှု ကောင်းစေဖို့ ထောက်ကူပေးသလို ခေါင်းကြည်စေဖို့လည်း ထောက်ကူပေးပါတယ်။ ကျန်းမာတဲ့ ကစီဓာတ် ပါဝင်နေတာကလည်း ကိုယ်အလေးချိန် ထိန်းညှိစေဖို့ပါ ထောက်ကူပေးပါတယ်။
- Beets
အနီရောင်အဆင်းရှိတဲ့ Beet က ပျော်ရွှင်စေတဲ့ ဟော်မုန်း ထွက်ရှိစေဖို့ ထောက်ကူပေးသလို စိတ်ခံစားမှု ကောင်းစေဖို့ရော ခေါင်းကြည်စေဖို့ပါ ထောက်ကူပေးမှာပါ။ ပျော်ရွှင်စေမှုတွေကို ရရှိစေဖို့ရော စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
- ရေညှိ
ဆူရှီ အနေနဲ့ စားကြသလို သုပ်ပြီးဖြစ်ဖြစ် ခေါက်ဆွဲပြုတ်ထဲ ဖြစ်ဖြစ် ထည့်ပြီး စားလေ့ရှိတဲ့ ရေညှိက စိတ်ဓာတ်ကျမှုကို တိုက်တုတ်ပေးနိုင်တဲ့ အိုင်အိုဒင်း ပါဝင်နေပါတယ်။ သိုင်းရွိက် လုပ်ဆောင်မှုကို ကောင်းမွန်စေနိုင်ပြီး ကိုယ်အလေးချိန် ထိန်းပေးသလို ဦးနှောက်လုပ်ဆောင်မှုကိုလည်း ကောင်းမွန်စေပါတယ်။ ခေါင်းကြည်စေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။
- ဥအမျိုးမျိုး
ဥတွေမှာ စိတ်ခံစားမှု ကောင်းစေပြီး ခေါင်းကြည်စိတ်ပေါ့စေတဲ့ အိုမီဂါ သရီး ဖက်တီးအက်ဆစ်၊ ဗီတာမင် ဘီ၊ အိုင်အိုဒင်းတို့အပြင် ပရိုတင်းလည်း ပါဝင်နေပါတယ်။ ခန္ဓာကိုယ်မှာ အင်အားပြည့်စေပြီး အဆာခံနိုင်စေဖို့ရော ခေါင်းကြည်စေဖို့ပါ ထောက်ကူပေးပါတယ်။
- အနီရောင် ငရုတ်ပွ
အနီရောင် ငရုတ်ပွမှာ ဗီတာမင် စီ နဲ့ ဗီတာမင် အေတွေ ပါဝင်တွေ ပါဝင်နေပြီး စိတ်ခံစားမှု ကောင်းစေဖို့ရော ခေါင်းကြည်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်ခံအား ကောင်းစေသလို အာရုံစူးစိုက်မှု ကောင်းစေပြီး ခေါင်းကြည်စေဖို့ပါ ထောက်ကူပေးမှာပါ။
- အုန်းသီး
စိတ်ခံစားမှု ကောင်းစေဖို့ ခေါင်းကြည်စေဖို့ဆိုရင် အုန်းသီးစားပေးတာ အုန်းရည်သောက်ပေးတာက နည်းလမ်းကောင်းပါ။ ခေါင်းကြည်စေဖို့ အုန်းနို့ခရင်မ် နည်းနည်းကို ကော်ဖီထဲ ထည့်သောက်လို့ ရသလို အုန်းသီး နည်းနည်း စားပေးလို့လည်း ရပါတယ်။
- အနက်ရောင် ချောကလက်
အနက်ရောင် ချောကလက်က အရသာရှိသလို ခေါင်းကြည်စေဖို့လည်း ထောက်ကူပေးပါတယ်။ စိတ်ခံစားမှု ကောင်းစေပြီး အာရုံစူးစိုက်မှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ဦးနှောက်ဆီကို သွေးစီးဆင်းမှု ကောင်းစေပြီး ခေါင်းကြည်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- ပျားရည်
သဘာဝ အချိုဓာတ် တစ်မျိုးဖြစ်တဲ့ ပျားရည်က ဦးနှောက် ကျန်းမာစေဖို့ ထောက်ကူပေးသလို ခေါင်းကြည်စေဖို့လည်း ထောက်ကူပေးပါတယ်။ စိတ်ဓာတ်ကျတာကို ကာကွယ်ပေးသလို စိတ်ခံစားမှု ကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။
- ချယ်ရီ ခရမ်းချဉ်သီး
ခရမ်းချဉ်သီးက အင်ဒီအောက်ဆီးဒင့်က ဦးနှောက် ကျန်းမာစေဖို့ရော စိတ်ကြည်စေဖို့ပါ ထောက်ကူပေးသလို စိတ်ဓာတ်မကျစေဖို့လည်း ကာကွယ်ပေးပါတယ်။ အရောင်ကျစေနိုင်တာကြောင့် အသားအရေကို ကျန်းမာစေသလို ခေါင်းကြည်စေဖို့ရော အာရုံစူးစိုက်မှု ကောင်းစေဖို့ပါ ထောက်ကူပေးပါတယ်။
မွန်မွန်